ယော​ရှု 18:16-19 Judson Bible (BJB)

16. ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင်ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊

17. မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သားဗောဟန်၏ကျောက်သို့၎င်း ရောက်လေ၏။

18. တဖန်အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊

19. ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ဆုံးလေ၏။ ဤရွေ့ကားတောင်ဘက်အပိုင်းအခြားတည်း။

ယော​ရှု 18