41. ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်၎င်း၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင်အောင်၎င်း လုပ်ကြံ၍၊
42. ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသောကြောင့်၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်းအောင်လေ၏။
43. ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား၏။