ယော​ရှု 10:13-26 Judson Bible (BJB)

13. ဣသရေလလူတို့သည် ရန်သူတို့အားအပြစ်ဒဏ်မပေးမှီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။ ယာရှာ၏စာ၌ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌ နေသည်ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှါ တနေ့လုံး အလျှင်းမပြုဟု ပါသည်မဟုတ်လော။

14. ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းမဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။

15. ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။

16. မင်းကြီးငါးပါးတို့သည်ပြေး၍ မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေကြ၏။

17. မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီးငါးပါးကို တွေ့ပါပြီဟု ယောရှုအားကြားလျှောက်လျှင်၊

18. ယောရှုက၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသောကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။

19. သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကိုလိုက်၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌အပ်တော်မူပြီဟု မှာထားလေ၏။

20. ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ဝင်၍ နေကြ၏။

21. လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာပြန်လာကြ၏။ ဣသရေလလူ တစုံတယောက်ကို အဘယ်သူမျှ အပြစ်မတင်ရ။

22. ယောရှုကလည်း၊ လိုင်ခေါင်းကိုဖွင့်ပြီးလျှင်၊ ထိုမင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊

23. သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့၍၊

24. ယောရှုထံသို့ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့်အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်းတို့ကိုခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြဟု ဗိုလ်မင်းတို့အားဆိုသည်အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏လည်ကုပ်အပေါ်၌ ခြေကို တင်ကြ၏။

25. ယောရှုကလည်း သင်တို့တိုက်ရသောရန်သူအပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူမည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊

26. ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင်ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ဆွဲထားပြီးမှ၊

ယော​ရှု 10