ယောဘဝတ္တု။ 42:14-17 Judson Bible (BJB)

14. သမီးကြီးကား၊ ယေမိမ၊ သမီးလတ်ကားကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း။

15. တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည် သူတို့ မောင်များနှင့်အညီအမျှ သူတို့အားအမွေဥစ္စာကို ဝေပေးလေ၏။

16. ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ်အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊

17. အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။ယောဘဝတ္တုပြီး၏။

ယောဘဝတ္တု။ 42