20. အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်းအခြားဘို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကိုသိလိမ့်မည်။
21. သင်သည်ရှေးကာလ၌ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့်သိလိမ့်မည်။
22. သင်သည်မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူးသလော။
23. ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာများကို မြင်ဘူးသလော။
24. အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့်လွင့်သနည်း။
25. လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်းရွာစေခြင်းငှါ၎င်း၊