ယောဘဝတ္တု။ 38:16-22 Judson Bible (BJB)

16. သင်သည်သမုဒ္ဒရာစမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူးသလော။

17. သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူးသလော။

18. မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူးသလော။ အလုံးစုံကို သိမြင်လျှင် ဘော်ပြလော့။

19. အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။

20. အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်းအခြားဘို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကိုသိလိမ့်မည်။

21. သင်သည်ရှေးကာလ၌ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့်သိလိမ့်မည်။

22. သင်သည်မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူးသလော။

ယောဘဝတ္တု။ 38