ယောဘဝတ္တု။ 37:1-4 Judson Bible (BJB)

1. ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှ ရွေ့သွား၏။

2. မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက်သောအသံကို စေ့စေ့နားထောင်ကြလော့။

3. မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။

4. လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုဃ်းချုန်းတော်မူ၏။ အသံတော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။

ယောဘဝတ္တု။ 37