ယောဘဝတ္တု။ 34:6-13 Judson Bible (BJB)

6. ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။

7. ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကိုမျိုတတ်၏။

8. မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော်၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။

9. လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုးမရှိဟု ယောဘသည် ဆိုမိပြီ။

10. သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။

11. လူပြုသောအမှု၏အကျိုးအပြစ်ကို ပေးတော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့် အထိုက်အလျောက် ခံစေတော်မူမည်။

12. အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင်တော်မမူ။

13. မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူစီရင်ပြုပြင်သနည်း။

ယောဘဝတ္တု။ 34