ယောဘဝတ္တု။ 34:28-32 Judson Bible (BJB)

28. ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေးသံကိုကြားတော်မူရ၏။

29. ဘုရားသခင်သည် ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက်တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။

30. ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။

31. အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။

32. အကျွန်ုပ်နားမလည်သောအရာကို သွန်သင်တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန်မပြုဘဲနေပါမည်ဟု ဘုရားသခင်အား လျှောက်သင့်သည် မဟုတ်လော။

ယောဘဝတ္တု။ 34