ယောဘဝတ္တု။ 33:4-9 Judson Bible (BJB)

4. ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏အသက်တော်သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။

5. သင်သည်တတ်နိုင်လျှင် ငါ့ကိုပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။

6. ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့် တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။

7. သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည်လေးသောလက်ကိုမတင်။

8. အကယ်စင်စစ်သင့်စကားသံကို ငါကြားသည်အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊

9. ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှားခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။

ယောဘဝတ္တု။ 33