ယောဘဝတ္တု။ 31:7-15 Judson Bible (BJB)

7. ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်၎င်း၊

8. ငါကြဲသော မျိုးစေ့၏အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။

9. သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်၎င်း၊

10. ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ။ သူတပါးသည် ငါ့မယားကို ရှုတ်ချပါစေ။

11. ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။

12. ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှကို သုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။

13. ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့် တရားတွေ့စရာအမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊

14. ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။

15. ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။ တပါးတည်းသောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည် မဟုတ်လော။

ယောဘဝတ္တု။ 31