ယောဘဝတ္တု။ 31:17-19 Judson Bible (BJB)

17. မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ၊ ငါတယောက်တည်း စားဘူးသလော။

18. ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကို ခံပြီ။ ငါသည် ဘွားမြင်သောနေ့မှစ၍ မုတ်ဆိုးမကို မစပြီ။

19. အဝတ်မရှိသောကြောင့် သေခြင်းသို့ရောက်သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသောသူ တစုံတယောက်ကို ငါမြင်၍၊

ယောဘဝတ္တု။ 31