ယောဘဝတ္တု။ 30:27-31 Judson Bible (BJB)

27. ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။

28. နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။

29. မြေခွေးတို့နှင့် ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက်တို့နှင့် ပေါင်းဘော်ရ၏။

30. အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။

31. ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာ ပေးတတ်၏။

ယောဘဝတ္တု။ 30