1. တဖန် ရှုအာအမျိုးသားဗိလဒဒ်မြွက်ဆိုသည်ကား၊
2. ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
3. ဗိုလ်ခြေတော်တို့ကိုရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကို မလင်းဘဲနေသနည်း။