ယောဘဝတ္တု။ 21:15-17 Judson Bible (BJB)

15. အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။ သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။

16. သို့သော်လည်း သူတို့သည်ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏အကြံအစည်ကို ငါသည် ဝန်မခံ။

17. မတရားသောသူတို့၏ မီးခွက်သည်သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော်ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူဘူးသည်ကို၎င်း၊

ယောဘဝတ္တု။ 21