ယောဘဝတ္တု။ 20:13-17 Judson Bible (BJB)

13. နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော်လည်း၊

14. စားပြီးလျှင်သူ၏ ဝမ်းထဲမှာသဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။

15. သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။

16. သူသည် မြွေဆိုးအဆိပ်အတောက်ကိုစို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။

17. အသွယ်သွယ်သောမြစ်၊ နို့နှင့် ပျားရည်စီးသောမြစ်တို့ကို မမြင်ရ။

ယောဘဝတ္တု။ 20