17. ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သားသမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။
18. သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထသောအခါ ကဲ့ရဲ့ကြ၏။
19. ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သောသူတို့သည် ငါ့ရန်သူဖြစ်ကြ၏။
20. ငါ့အရေသားသည်ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတခုသာပါလျက် ငါပြေးလွတ်ရ၏။
21. အို အဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။