6. ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
7. ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။
8. ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည် ငါ့တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည်လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက်သေခံ၏။
9. အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။
10. သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။