ယောဘဝတ္တု။ 16:20-22 Judson Bible (BJB)

20. ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည်ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။

21. လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။

22. နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရသောလမ်းသို့ ငါလိုက်သွားရတော့မည်။

ယောဘဝတ္တု။ 16