14. ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှတည်ဆောက်ရသော အခွင့်မရှိ။ လူကိုချုပ်ထားသော်မူလျှင် အဘယ်သူမျှလွှတ်ရသောအခွင့်မရှိ။
15. ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုးကြ၏။
16. တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
17. တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။