12. အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။
13. ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သောအခွင့်ရှိတော်မူ၏။
14. ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှတည်ဆောက်ရသော အခွင့်မရှိ။ လူကိုချုပ်ထားသော်မူလျှင် အဘယ်သူမျှလွှတ်ရသောအခွင့်မရှိ။
15. ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုးကြ၏။