မဿဲ 19:22-26 Judson Bible (BJB)

22. ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။

23. ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။

24. တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။

25. ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင်မည့်နည်းဟု ပြောဆိုကြ၏။

26. ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။

မဿဲ 19