1. ထိုနေ့၌ ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာထိုင်နေတော်မူသည်တွင်၊
2. များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်နေကြ၏။
3. ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။