မြည်​တမ်း​စ​ကား 3:57-64 Judson Bible (BJB)

57. အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သောအခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။

58. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။

59. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။

60. သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။

61. အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်းနှင့် မကောင်းသောအကြံရှိသမျှကို၎င်း၊

62. အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပြစ်တင်ခြင်း၊ အကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း ကိုယ်တော်ကြားတော်မူပြီ။

63. သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။

64. အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။

မြည်​တမ်း​စ​ကား 3