ဗျာ​ဒိတ် 6:2-5 Judson Bible (BJB)

2. ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်းငှါ၎င်း ထွက်သွား၏။

3. ဒုတိယတံဆိပ်ကိုဖွင့်သောအခါ၊ ဒုတိယ သတ္တဝါ က၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။

4. ထိုအခါမြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီး သားတို့ကို အချင်းချင်းအသေသတ်စေခြင်းငှါ၎င်း အခွင့်ရ၏။ သူ၌ထားကြီးကိုပေးတော်မူ၏။

5. တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။

ဗျာ​ဒိတ် 6