ဗျာ​ဒိတ် 18:23-24 Judson Bible (BJB)

23. ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို၏။

24. ပရောဖက်တို့၏ အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌တွေ့၏။

ဗျာ​ဒိတ် 18