ဗျာ​ဒိတ် 14:6-8 Judson Bible (BJB)

6. မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊

7. ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။

8. ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရာသေား မေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက်၍ပြောဆို၏။

ဗျာ​ဒိတ် 14