ဗျာ​ဒိတ် 13:15-18 Judson Bible (BJB)

15. သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။

16. ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံ ရသောသူ ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊

17. ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။

18. ဤအရာ၌ပညာရှိ၏။ ဥာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။

ဗျာ​ဒိတ် 13