ဖိ​လေ​မုန် 1:5-10 Judson Bible (BJB)

5. ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ၏။

6. ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု၏။

7. အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ၏။

8. ထိုကြောင့်၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ၊ ငါသည် ခရစ်တော်အားဖြင့် အလွန်ရဲရင့်စရာ အခွင့်ရှိသော်လည်း၊

9. အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။

10. ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော၊

ဖိ​လေ​မုန် 1