နေ​ဟ​မိ 7:62-68 Judson Bible (BJB)

62. ဒေလာယအမျိုးသား၊ ပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း။

63. ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲသမီးတယောက်နှင့် စုံဘက်၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည်၊

64. စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကို မခံရကြ။

65. ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။

66. ပရိသတ်ပေါင်းကား၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။

67. ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက်၊

68. မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်းနှစ်ရာ လေးဆယ်ငါးစီး၊

နေ​ဟ​မိ 7