နေ​ဟ​မိ 6:12-15 Judson Bible (BJB)

12. ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။

13. သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေလျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ၏။

14. အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။

15. အရက်ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။

နေ​ဟ​မိ 6