နေ​ဟ​မိ 3:3-6 Judson Bible (BJB)

3. ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည်ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။

4. သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ်ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ၏သားမေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။

5. သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏ အမှုကိုဝိုင်းညီ၍မပြုကြ။

6. တံခါးဟောင်းကိုကား၊ ပါသာသားယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကိုထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။

နေ​ဟ​မိ 3