4. ထိုစကားကိုကြားလျှင်၊ ငါသည် ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပဌနာဟူမူကား၊
5. အိုကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သောဘုရား၊ ပညတ်တော်တို့ကို နှစ်သက်၍ ကျင့်စောင့်သော သူတို့နှင့်ဖွဲ့သော ကရုဏာပဋိညာဉ်ကို မဖျက်၊ တည်စေ တော်မူသောဘုရား၊
6. ကိုယ်တော်ကျွန်ဣသရေလအမျိုးသားတို့အဘို့၊ ရှေ့တော်၌ နေ့ညဉ့်မပြတ် အကျွန်ုပ်ဆုတောင်း၍၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဘော်ပြ၍ တောင်းပန်သော ကိုယ်တော်ကျွန်၏ ပဌနာစကားကို ကြားခြင်းငှါ၊ ယခု နားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။