နာ​ဟုံ 2:2-8 Judson Bible (BJB)

2. အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။

3. သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။

4. ရထားတို့သည် လမ်း၌ ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရူးအဆင်း အရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။

5. စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင်အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။

6. မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက်၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။

7. အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။

8. ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။

နာ​ဟုံ 2