ဒံ​ယေ​လ 2:12-16 Judson Bible (BJB)

12. ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ၏။

13. ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏ အပေါင်းအဘော်တို့ကို သတ်ခြင်းငှါ ရှာကြသော်၊

14. ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊

15. ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင်၊

16. ဒံယေလသည် နန်းတော်သို့ ဝင်၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ၊

ဒံ​ယေ​လ 2