6. နက်ဖြန်နေ့၌ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုး သေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။
7. ဖာရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
8. ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကိုလက်နှင့်ယူ၍ မောရှေသည် ဖာရောဘုရင်ရှေ့၌ မိုဃ်းကောင်းကင်သို့ပစ်လွှင့်စေ။
9. ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြားသောအမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အားမိန့်တော်မူသည်အတိုင်း၊
10. သူတို့သည်မီးဖိုထဲကပြာကိုယူ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လေ၏။
11. ဝိဇ္ဇာဆရာတို့သည်အနာဆိုးကြောင့်၊ မောရှေရှေ့၌မရပ်မနေနိုင်။ ထိုအနာဆိုးသည်ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်းစွဲသတည်း။
12. ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအားမိန့်တော်မူသည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲနေလေ၏။