9. ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
10. ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံသို့ဝင်၍၊
11. သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
12. မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
13. သို့ရာတွင် မောရှေနှင့်အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။