18. မောရှေသည်လည်း ယောက္ခမယေသရောထသို့ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသားချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကိုပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
19. ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်းတို့သည်သေကြပြီဟု မိဒျန်ပြည်၌ မောရှေအားမိန့်တော်မူ၏။
20. ထိုအခါ၊ မောရှသည် မယားနှင့်သားနှစ်ယောက်တို့ကိုယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
21. ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ်သောအမှုအလုံးစုံတို့ကို ဖာရောဘုရင်ရှေ့မှာပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကိုငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲနေလိမ့်မည်။
22. ဖာရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည်ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။