ထွက်​မြောက် 39:7-12 Judson Bible (BJB)

7. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကိုအောက်မေ့ဘို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။

8. ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ရင်ဖုံးကိုထူးဆန်းစွာ လုပ်လေ၏။

9. ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။

10. ထိုရင်ဖုံး၌ကျောက်မြတ်ကို လေးတန်းစီလေ၏။ ပဌမအတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။

11. ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။

12. တတိယအတန်းကား ဝှါကိန္သု၊ မဟူရာ၊ ဂေါမိတ်။

ထွက်​မြောက် 39