ထွက်​မြောက် 37:15-21 Judson Bible (BJB)

15. စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံလေ၏။

16. စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။

17. မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသောအလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။

18. မီးခုံတိုင် တဘက်တချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိ၏။

19. မီးခုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသောခွက်သုံးခွက်ရှိ၏။

20. မီးခုံတိုင်၌လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။

21. မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိ၏။

ထွက်​မြောက် 37