ထွက်​မြောက် 36:28-32 Judson Bible (BJB)

28. ထောင့်တဘက်တချက်၌ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်လေ၏။

29. အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။

30. ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။

31. တဲတော်၌ ကာရသောပျဉ်ပြားကိုလျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင် တို့ကို၊ တဘက်ငါးချောင်းစီလုပ်လေ၏။

32. တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကိုလျှိုစရာဘို့၊ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်လေ၏။

ထွက်​မြောက် 36