ထွက်​မြောက် 36:1-5 Judson Bible (BJB)

1. ထိုသို့ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သောဥာဏ်ပညာကို ထာဝရဘုရားပေးသွင်းတော်မူသော ပညာရှိအပေါင်းတို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။

2. တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဥာဏ်သဘောကိုရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသောပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊

3. သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကိုလုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ဆောင်ခဲ့သောအလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်းထပ်၍ ဆောင်ခဲ့ကြသေး၏။

4. ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီးမိမိလုပ်ရာမှ၊

5. မောရှေထံသို့လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ဆောင်ခဲ့ကြပါပြီဟု ကြားပြောလျှင်၊

ထွက်​မြောက် 36