ထွက်​မြောက် 31:1-5 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊

2. နားထောင်လော့၊ ငါသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။

3. သူသည် ရွှေငွေကြေးဝါကိုလုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊

4. သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊

5. ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။

ထွက်​မြောက် 31