ထွက်​မြောက် 26:9-14 Judson Bible (BJB)

9. ကုလားကာငါးထည်တစပ်၊ ခြောက်ထည် တစပ်တည်းချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။

10. ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။

11. ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ကွင်းတို့၌လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်းပူးတွဲသဖြင့်၊ တဲတဆောင်တည်းဖြစ်ရမည်။

12. ထိုအပေါ်တဲ၌ပိုသော ကုလားကာတဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။

13. အပေါ်တဲ၌ပိုသော ကုလားကာအလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီတွဲလွဲဆွဲထားရမည်။

14. အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်းလုပ်ရမည်။

ထွက်​မြောက် 26