ထွက်​မြောက် 26:22-29 Judson Bible (BJB)

22. တဲတော်အနောက်ဘက်၌ ကာရန်ပျဉ်ပြားခြောက်ပြားကို၎င်း၊

23. ထောင့်တဘက်တချက်၌ ကာရန်ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။

24. အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။

25. ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိရမည်။

26. တဲတော်၌ကာရသော ပျဉ်ပြားကိုလျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။

27. တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်ရမည်။

28. အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။

29. ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။

ထွက်​မြောက် 26