ထွက်​မြောက် 24:15-18 Judson Bible (BJB)

15. မောရှေသည်တောင်တော်ပေါ်သို့တက်၍၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။

16. ထာဝရဘုရား၏ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံးလွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုဃ်းတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကိုခေါ်တော်မူ၏။

17. ထာဝရဘုရား၏ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလအမျိုးသားတို့သည် မြင်ရကြ၏။

18. မောရှေသည် မိုဃ်းတိမ်အထဲသို့ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာနေလေ၏။

ထွက်​မြောက် 24