ထွက်​မြောက် 17:13-16 Judson Bible (BJB)

13. ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကိုထားလက်နက်ဖြင့် လုပ်ကြံလေ၏။

14. ထာဝရဘုရားကလည်း၊ ဤအမှုကိုအောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအားဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကိုငါပယ်ရှင်းမည်ဟု မောရှေအားမိန့်တော်မူ၏။

15. မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။

16. အကြောင်းမူကား၊ အာမလက်လူမျိုး၏လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ရန်ဘက်ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကိုစစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။

ထွက်​မြောက် 17