ထွက်​မြောက် 14:30-31 Judson Bible (BJB)

30. ထိုသို့ထာဝရဘုရားသည် ထိုနေ့၌ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူအသေကောင်တို့ကို မြင်ရကြ၏။

31. ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည်မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန်မောရှေကို ယုံကြည်ကြ၏။

ထွက်​မြောက် 14