40. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်၍၊ တည်နေကြသောကာလ နှစ်ပေါင်းလေးရာသုံးဆယ် ဖြစ်သတည်း။
41. အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည်မှထွက်သွားကြ၏။
42. အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား၌စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ညဉ့်ကား၊ ဤသည်ညဉ့်ပေတည်း။
43. ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသားမစားရ။
44. သို့ရာတွင် ငွေနှင့်ဝယ်သောကျွန်သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးလျှင် စားရ၏။
45. တကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။
46. တအိမ်တည်း၌တကောင်ကိုစားရ၏။ အသားကိုအိမ်ပြင်သို့ယူမသွားရ။ အရိုးကိုလည်းမချိုးရ။
47. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ထိုပွဲကိုခံရကြမည်။