6. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည်သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သောပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။
7. သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုအမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကိုမမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ရောက်သည်တိုင်အောင် ထာဝရဘုရားကိုပုန်ကန်ပြီ။
8. ဟောရပ်အရပ်၌ ထာဝရဘုရားကိုအမျက်တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။
9. ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သောပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ကိုခံယူခြင်းငှာ၊ တောင်ပေါ်သို့ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံးမုန့်ကိုမစား၊ ရေကိုမသောက်ဘဲ တောင်ပေါ်မှာနေလေ၏။
10. သင်တို့သည်စည်းဝေးကြသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမြွက်ဆိုတော်မူသော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသောကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရားသည် ငါ့အားအပ်ပေးတော်မူ၏။
11. အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ်ကျောက်ပြားနှစ်ပြားကို ထာဝရဘုရားသည် ငါ့အားပေးတော်မူလျှင်၊